အသားတိုး ကြက်ငယ်စာ
ရက်သား ကြက်ငယ်ကလေးများ၏ အရွယ်အစား မြန်ဆန်စွာ ဖွံ့ဖြိုးရေး နှင့် ဥအနှစ် လုံလောက်စွာ စုပ်ယူနိုင်ရန် (ချက်ကျက်စေရန်) လိုအပ်သော အာဟာရ၊ ဆေးဝါး၊ ဗီတာမင်၊ သတ္တုဓာတ်နှင့် အမိုင်နိုအက်ဆစ်များကို အချိုးကျ ထည့်သွင်း စီမံ ထုတ်လုပ်ပေးထားပါသည်။
အသားဓာတ် ၂၂ % ထက်မနည်း ပါဝင်ပြီး ကြက်ငယ်ကလေးများ၏ ခန္ဓာကိုယ် ဖွံ့ဖြိုး ကြီးထွားမှုနှင့် အစာအိမ် တောင့်တင်းခိုင်မာမှုကို ကောင်းမွန်စေရန် အစာမှ အသားပြောင်းနှုန်း ကောင်းမွန်ခြင်းနှင့် ပတ်ဝန်းကျင်ဒဏ်ခံနိုင်ရည်ရှိစေခြင်း စသည့် ဇီဝကမ္မဖြစ်စဉ်များ အတွက် အကျိုးကျေးဇူးများ ရရှိစေပါသည်။
ကျွေးမွေးနိုင်သည့်ကာလ – ကြက်ပေါက် (၀ ရက်သား မှ ၂၀ ရက်သား ထိ)
အစာပုံစံ – အစာအကြိတ်အစေ့ငယ်များ (Crumble Form)
ထုတ်ပိုးမှုပုံစံ – ၅၀ ကီလို (၃၀ ပိဿာ) အသားတင်
