မွေးမြူရေးဆိုင်ရာ သက်မွေးသင်တန်းကျောင်း သင်တန်းခေါ်ယူမည့် အစီအစဉ် (မူကြမ်း)
၂၀၂၀ ခုနှစ် ဇွန်လ မှ စတင်ကာ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဒေသခံ ပြည်သူများအတွက် မွေးမြူရေးဆိုင်ရာ နည်းပညာများ၊ လုပ်နည်းကိုင်နည်းများနှင့် စာရင်းထိန်းသိမ်းနည်းများကို လက်တွေ့သင်ကြားပေးသွားမည် ဖြစ်ပါသည်။ (တစ်သုတ်လျှင်သင်တန်းသား ၂၀ ဦး)
သင်တန်းကာလမှာ သက်ဆိုင်ရာ တိရစ္ဆာန် မွေးမြူနည်းစနစ် နှင့် သင်ရိုးညွှန်းတမ်းလိုအပ်ချက်အရ အနည်းဆုံး (၁၀) ရက်၊ မှ (၁) လ သင်တန်းများအဖြစ် ပို့ချပေးရန် ရည်ရွယ်ပါသည်။
သင်တန်းကြေး ပေးဆောင်ရန်မလိုဘဲ တက်ကြွစွာ လုပ်ကိုင်လိုသူ လူငယ်များကို သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနများ၏ ထောက်ခံချက်များနှင့်အညီ ဦးစားပေး သင်ကြားပေးသွားမည် ဖြစ်ပါသည်။
သင်တန်းပြီးဆုံးပါက မိမိတို့ ဒေသတွင် လိုအပ်မည့် ဆေးဝါး၊ အစာ၊ မျိုးတိရစ္ဆာန်များကို ရရှိနိုင်ရေး ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။
(မွေးမြူရေးဆိုင်ရာ သက်မွေး သင်တန်းကျောင်း စီမံကိန်း တာဝန်ခံ)
သင်တန်းကျောင်း အထောက်အကူပြု စီမံကိန်း လျာထား စံပြ မွေးမြူရေး၊ စိုက်ပျိုးရေး နှင့် သရုပ်ပြခြံများ
စံပြဆိတ်မွေးမြူရေးနှင့် သရုပ်ပြခြံ
စံပြစားကျက်စိုက်ပျိုးရေးနှင့် သရုပ်ပြစိုက်ခင်း
- စံပြနွားမွေးမြူရေးနှင့် သရုပ်ပြခြံ
-
စံပြတိုင်းရင်းကြက်၊ ကြက်ဆင် မွေးမြူရေးနှင့် သရုပ်ပြခြံ
စံပြအသားတိုးကြက်မွေးမြူရေးနှင့် သရုပ်ပြခြံ
စံပြဥစားကြက်မွေးမြူရေးနှင့် သရုပ်ပြခြံ
စံပြအသားတိုးဝက်မွေးမြူရေးနှင့် သရုပ်ပြခြံ
စံပြမျိုးဝက်မွေးမြူရေးနှင့် သရုပ်ပြခြံ
စံပြဖားမွေးမြူရေးနှင့် ငါးကန်ငယ်များ သရုပ်ပြခြံ
သဘာဝမြေဩဇာထုတ်လုပ်ခြင်း
ဓါတုကင်းလွတ်ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနှင့် သရုပ်ပြစိုက်ခင်း
နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရပင်စိုက်ပျိုးခြင်း
































