ကုမ္ပဏီ သမိုင်းကြောင်းနှင့် လုပ်ငန်းစဉ်များ (Company Profile)
၁၆-၁၁-၂၀၁၇ ရက်နေ့တွင် ပြည်မြို့ ၊ ဝက်ထီးကန်၊ မိန်းမရဲ အုပ်စုရှိ ဥစားကြက် နှင့် မျိုးဝက်ခြံကို KHT Group မှ စတင်အကောင်ထည်ဖော် တည်ထောင်ခဲ့ပါသည်။
၆-၂-၂၀၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ အောက်ဗဟိုလမ်းမ၊ BPI ဆေးဝါးလမ်းဆုံ KHT Car Auto Service (24 Hour) ကို လုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
ဖေဖော်ဝါရီလ ၂၀၁၈ ခုနှစ်တွင် မွေးမြူရေး အစာဖြန့်ချိရေးလုပ်ငန်းကို စတင် လုပ်ကိုင်နိုင်ရေး FDI ကုမ္ပဏီသစ် တစ်ခုဖြင့် ဆွေးနွေးခဲ့သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။
၈-၄-၂၀၁၈ ရက်နေ့တွင် Dr FEED မွေးမြူရေး အစာကို KHT Group မူပိုင် ဖြင့် MRC အစာကုမ္ပဏီနှင့် ပူးတွဲ၍ ဈေးကွက်အတွင်းသို့ စတင်မိတ်ဆက်နိုင်ခဲ့ပါသည်။
၂၉-၄-၂၀၁၈ ရက်နေ့တွင် “အလိုပြည့်” ရခိုင်အရသာ၊ မာလာငါးကင်နှင့် ကျောက်ငါးကင် စားသောက်ဆိုင်ကို သုဝဏ္ဏပန်းခြံအနီး၊ ရန်ကုန်တွင် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပါသည်။ (Dec2018တွင် ပိတ်သိမ်းပြီး)
၇-၇-၂၀၁၈ ရက်နေ့တွင် KHT Group ရုံးချုပ် Dr FEED အစာနှင့် ဆေးဝါး ဖြန့်ချိရေးလုပ်ငန်း (မွေးမြူရေး အကျိုးဆောင် လုပ်ငန်းစု) ကို ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါသည်။
၁၃-၇-၂၀၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ ခုနှစ် အရ ကေအိတ်ချ်တီ ဟက်ဆက်စ်ဂွန် ကုမ္ပဏီ လီမိတက် (KHT HEXAGON COMPANY LIMITED) အား အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထား သည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ အဖြစ် ဖွဲ့စည်းမှတ်ပုံတင်ခွင့် ပြုလိုက်သည်။ E Government DICA Online မှတ်ပုံတင်ခြင်း အစီအစဉ်ဖြင့် Company Registration No. 103939178 ရရှိပြီးဖြစ်ပါသည်။
၈-၈-၂၀၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ Better Pharma Co.,Ltd မှ တင်သွင်းသော တိရစ္ဆာန်သုံးဆေးဝါးများကို မြန်မာတစ်ပြည်လုံး ဆေးဝါးဖြန့်ချိရေး ကိုယ်စားလှယ်အဖြစ် သဘောတူ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါသည်။
Dec-2018 ရက်နေ့တွင် အထက်မြန်မာပြည်ရုံးခွဲအား မန္တလေး၊ အမရပူရမြို့ နယ်၊ စွယ်တော်ဝင်း၊ ပွဲရုံတန်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
၂၀၁၉ ခုနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံကိန်းများ
Dr FARM – အသားတိုးဝက် တစ်လ ၂၀၀ ထွက် မွေးမြူရေး နှင့် မျိုးမြင့် ဝက်သားပေါက် တစ်လ ၃၀၀ ထွက် စီမံကိန်း (ကော့မှူးမြို့နယ်)
Dr FEED – မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်း ပညာရပ် သင်တန်းကျောင်း စီမံကိန်း
Core Value, Vision & Mission
Core Value (ယုံကြည်ခံယူချက် စိတ်ထား): “We must be good citizens to create the better life for everyday.”
Vision (မျှော်မှန်းချက်): Create Economic Opportunity for People of Myanmar Workforce as a result of the moving advancement of the World’s First Economic Visual Representation.
Mission (ရည်မှန်းချက်): Bond with the Professionals to accomplish, for more Dynamic and Achievement.
Goal (ပန်းတိုင်) & Objective (ရည်ရွယ်ချက်)
စိုက်ပျိုး မွေးမြူရေး ကဏ္ဍ (၁) စိုက်ပျိုးမွေးမြူရေးစွမ်းအားဖြင့် တိုင်းပြည် စားနပ်ရိက္ခာဖူလုံစေရေး၊ အာဟာရပြည့်ဝပြီး အစားအစာဘေးကင်းလုံခြုံစေရေးကို အထောက်အကူဖြစ်စေရန်။ (၂) စိုက်ပျိုးမွေးမြူရေး ပို့ကုန်မြှင့်တင်ပြီး ဝင်ငွေတိုးတက်စေခြင်းဖြင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်။ (၃) စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်ရန် မြေဧရိယာလိုအပ်ချက် ရရှိရေး သက်ဆိုင်ရာ အစိုးရများနှင့် ညှိနှိုင်းကြိုးစားဆောင်ရွက်ရန်။ (၄) ခေတ်မီနည်းပညာသုံး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၏ စိန်ခေါ်မှုဖြစ်သော အခြေခံအဆောက်အအုံ၊ နည်းပညာ၊ အရင်းအနှီး လိုအပ်ချက်များကို နိုင်ငံတော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ရရှိနိုင်စေရေး ဦးဆောင်ကြိုးပမ်း ဆောင်ရွက်သွားရန်။ (၅) အဆင့်မြင့်နည်းပညာများနှင့် စီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်။ (၆) ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်။ (၇) ဒေသတွင်း စိုက်ပျိုးမွေးမြူသူများကို လက်လှမ်းမီသော တန်ဖိုးနည်း ဒေသထွက်သွင်းအားစုများဖြင့် နည်းစနစ်မှန်ကန်စွာ အသုံးပြုနိုင်စေရေး လေ့ကျင့်ပေးရန်။
ဝန်ဆောင်မှု လုပ်ငန်း ကဏ္ဍ ဈေးကွက်စီးပွါးရေး စနစ်တွင် ကုန်စည်ဖြန့်ဖြူးရောင်းချခြင်းထက် ဝန်ဆောင်မှုပေးသော လုပ်ငန်းများက ပိုမိုတိုးတက်လာကြောင်းတွေ့ ရှိရပါသည် – ဖွံ့ဖြိုးပြီးနိုင်ငံများသည်ပင် ဝန်ဆောင်မှုလုပ်ငန်းများအား ပိုမိုတိုးချဲ့ လုပ်ကိုင်လာကြ ပါသည် – (၁) နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ခရီးသွားလာမှုပြားများခြင်းကြောင့် လိုအပ်ချက်ဖြစ်သော ကားပြုပြင်သည့်ဝန်ဆောင်မှုလုပ်ငန်းများနှင့် စားသောက်မှုများကို အဆင်ပြေချောမွေ့ စေရေး ဖြည့်ဆည်းပေးရန်။ (၂) ကားပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုလုပ်ငန်းများကို အချက်အခြာကျသော နေရာများတွင် အဆင့်မြှင့်တိုးချဲ့ လုပ်ကိုင် ဆောင်ရွက်သွားရန်။ (၃) ပြည်တွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို ထပ်မံ တိုးချဲ့ ဆောင်ရွက်သွားရန်။ (၄) မော်တော်ယာဉ်အငှားလုပ်ငန်းများနှင့် ကုန်တင်ယာဉ်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။ (၅) အချက်အခြာကျသော နေရာများတွင် ဘေးကင်းလုံခြုံသည့် အစားသောက်များဖြင့် ခရီးသွားပြည်သူများ၏ ကျန်းမာရေးကို ဖြည့်ဆည်းပေးနိုင်ရန်။ (၆) ဝန်ဆောင်မှုလုပ်ငန်းများဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်။
Dr FEED Livestock Vocational Training Center (မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်း ပညာရပ် သင်တန်းကျောင်း စီမံကိန်း - မူကြမ်း)
၁။ အမည်: Dr FEED Grab Your Benefit Livestock Vocational Training Center (မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်း ပညာရပ် သင်တန်းကျောင်း) ဟု ခေါ်တွင်စေရမည်။ ၂။ တည်နေရာ: ပြည်နယ်တိုင်းဒေသကြီးများရှိ မြို့ကြီးများအနီးတွင် အခြေစိုက် သင်တန်းဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ ၃။ ရည်ရွယ်ချက်: ကုမ္ပဏီ မွေးမြူရေး/စိုက်ပျိုးရေး ကဏ္ဍ ရည်မှန်းချက် အပိုဒ် ခွဲငယ် (၃)၊ (၆) နှင့် (၇) အရ လည်းကောင်း၊ CSR program လူမူပတ်ဝန်းကျင် အကျိုးပြုနိုင်ရန် လည်းကောင်း၊ DrFEED မွေးမြူရေး အစာဖြန့်ချိရေး လုပ်ငန်းကို အထောက်အကူ ပြုနိုင်ရန် လည်းကောင်း မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်း ပညာရပ် သင်တန်းကျောင်း ကို ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
၄။ သင်တန်းကျောင်း စီမံချက်: နှစ်လတစ်ကြိမ် သင်တန်းသား (၂၀) ဦးအား လေ့ကျင့် သင်တန်းပို့ချနိုင်ရေး (တစ်နှစ်လျှင် သင်တန်း ၆ မျိုး နှင့် သင်တန်းဆင်းမည့် ဦးရေ ၁၂၀ ယောက်) (က) သင်တန်းသား (၂၀) ဦး အိပ်ဆောင် နှင့် စားသောက်ဆောင်၊ စားဖိုဆောင် (ခ) စာသင်ဆောင် နှင့် ဝန်ထမ်း အိပ်ဆောင်၊ ရုံးခန်းများ၊ အားကစားကွင်း နှင့် ပန်းခြံဧရိယာ မုဒ်ဦးအပါ (ဂ) လက်တွေ့ မွေးမြူခြင်း ဆိုင်ရာ (သရုပ်ပြ သင်ထောက်ကူ စာတွေ့/လက်တွေ့ အတွက်):
အသားတိုးကြက်ခြံ အကောင် ၂၀၀၀ ဆံ့ (၄) ခြံ
ဥစားကြက်ခြံ အကောင် ၁၀၀၀ ဆံ့ (၂) ခြံ
မျိုးဝက်မ ၁၀ ကောင် နှင့် ဝက်သိုး ၁ ကောင် အတွက် ဝက်မျိုးခြံ (၁) ခြံ
အသားတိုးဝက် ၇၅ ကောင် ဆံ့ (၄) ခြံ
အသားတိုးနွား နှင့် နို့စားနွား အကောင် ၃၀ ဆံ့ (၂) ခြံ
နွားမွေးမြူရေး အထောက်အကူပြု စံပြ စားကျက် စိုက်ပျိုးခြင်း
ပျားမွေးမြူခြင်း၊ မွေမြူရေး အညစ်အကြေး စီမံမှုဆိုင်ရာ မြေဩဇာ ပြုပြင် ထုတ်လုပ်ခြင်း
ခြံစည်းရိုး ဝါးစိုက်ပျိုးခြင်းနှင့် ဝါးအသင်းမှ အထောက်အကူ ရယူ၍ ဝါးနည်းပညာ ဖြန့်ဝေခြင်း
Experience: Livestock Field in 25 years experience (Sale and Marketing, Livestock Farm Management, Private), consultancy for Farms, Firms, and then cooperate with growth together.
Managing Director
Mr.Thein Htaik Aung
Director
Mr.Win Hlaing
Chief Accountant
Mrs.Sandar
